နတ်မောက်မြို့နယ်၌၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်ရက်(၁၀၀)အတွင်းမိုရာသီစံပြကွက်၊စမ်းသပ်ကွက် နှင့်မျိုးစေ့ထုတ်တောင်သူများ မျိုးစေ့၊ဓာတ်မြေသြဇာနှင့်ပံ့ပိုးပစ္စည်းများပေးအပ်ပွဲကျင်းပ

နတ်မောက်မြို့နယ်၌၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်ရက်(၁၀၀)အတွင်းမိုရာသီစံပြကွက်၊စမ်းသပ်ကွက် နှင့်မျိုးစေ့ထုတ်တောင်သူများ မျိုးစေ့၊ဓာတ်မြေသြဇာနှင့်ပံ့ပိုးပစ္စည်းများပေးအပ်ပွဲကျင်းပ
နတ်မောက် မေ ၁၃
မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ် ရက်(၁၀၀)အတွင်းမိုးရာသီစံပြကွက်၊စမ်းသပ်ကွက်နှင့်မျိုးစေ့ထုတ်တောင်သူများမျိုးစေ့၊ဓာတ်မြေ သြဇာနှင့်ပံ့ပိုးပစ္စည်းများပေးအပ်ပွဲကို ယနေ့နံနက် ၁၁နာရီအချိန်ကမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်ဦး၊အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်လတ်မိုးတို့ကအမှာစကားများပြောကြားပြီးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်မြင့်မြင့်ချိုက နတ်မောက်မြို့နယ်၌၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်တွင် သီးနှံစုံ စုစုပေါင်းစိုက်ဧက( ၆၁၇၆၉၂)လျာထားသတ်မှတ်စိုက်ပျိုးမည်ဖြစ်ပြီးအဓိကသီးနှံ( ၁၄)မျိုးအနက်မှ စပါး( ၂၇၃၄၀)ဧက၊မြေပဲ( ၅၈၉၀၁)ဧက၊နှမ်း( ၁၉၂၈၅၄)ဧက၊နေကြာ( ၃၉၀၈၀)ဧက၊ပဲတီစိမ်း (၁၀၃၈၉၆)ဧက၊ပဲစဥ်းငုံ ( ၄၈၃၉၇)ဧက၊မတ်ပဲ( ၁၅)ဧက၊ချည်မျှင်ရှည်ဝါ( ၃၀၆၄၂)ဧက၊ ကြက်သွန်နီ ( ၂၃၂)ဧကလျာထားသတ်မှတ်၍အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက်၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်ရက်( ၁၀၀)ကာလအတွင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှမိုးသီးနှံစပါး၊မြေပဲ၊နှမ်း၊ နေကြာ၊ပဲတီစိမ်း၊ပဲစဥ်းငုံ၊ချည်မျှင်ရှည်ဝါ၊ပိုက်ဆံလျှော်ပညာပေးစံပြကွက်၊စမ်းသပ်ကွက်နှင့် မျိုးသန့် မျိုးစေ့တိုးတက်ထုတ်လုပ်စိုက်ပျိုးနိုင်ရေးအတွက်မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းများဆောင်ရွက်သွား မည်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်ဦး၊အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်လတ်မိုး၊မြို့နယ်စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးကြီးကြပ်မှုကော်မတီဝင်များက တက်ရောက်လာကြသည့်ကျေးရွာအုပ်စု(၂၈)အုပ်စုမှစံပြကွက်၊စမ်းသပ်ကွက်နှင့်မျိုးသန့်မျိုးစေ့ထုတ် စိုက်ပျိုးမည့်တောင်သူ( ၇၁)ဦးတို့အား မျိုးစေ့၊ဓာတ်မြေသြဇာနှင့်ပံ့ပိုးပစ္စည်းများကိုထောက်ပံ့ ပေးအပ်ခဲ့သည်။အဆိုပါအခမ်းအနားသို့မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ဌာနဆိုင်ရာအကြီးအကဲများ၊ကျေးရွာများရှိတောင်သူများလူဦးရေစုစုပေါင်း( ၉၀)ဦးကျော်တက်ရောက်ခဲ့ကြကြောင်းသိရသည်။