နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
နတ်မောက် ဇူလိုင် ၆
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးမူလတန်းအဆင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကိုယနေ့နံနက်၁၀ နာရီအချိန်ကကျင်းပ ခဲ့သည်။
အဆိုပါပြိုင်ပွဲကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကလူငယ် လူရွယ်များစာပေဗဟုသုတများသိရှိနားလည်ပြီးဥာဏ်ရည်ထက်မြတ်သည့်ဘက်စုံထူးချွန်သောလူရည် မွန်၊လူရည်ချွန်များဖြစ်လာစေရန်၊ဗလငါးတန်နှင့်ပြည်စုံသည့်လူငယ်လူရွယ်များဖြစ်လာစေရန်၊နှုတ်မှု စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ သည်။ထို့နောက်ပြိုင်ပွဲကိုကျင်းပခဲ့ရာမူလတန်းအဆင့်ကျောင်းသား/သူလေးများကမိမိတို့နှစ်သက် သည့်ခေါင်းစဥ်များဖြင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကိုဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီးဆုရရှိသည့်ကျောင်းသား /သူ များကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဆုများကိုချီးမြှင့်ပေးခဲ့ကြောင်းသိ ရသည်။




