နတ်မောက်မြို့၌(၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲနှင့်ဆုချီးမြင့်
ပွဲအခမ်းအနားကျင်းပ
နတ်မောက် ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌(၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေး
ဟောပြောပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကိုယမန်နေ့နံနက်၁၀နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဝင်းနိုင်ဦးကအဖွင့်အမှာစကားပြော
ကြားပြီးမြို့နယ်ပညာရေးမှူးဒေါ်သန်းသန်းအေးကကျောင်းသား/သူလူငယ်များအနေဖြင့်မြန်မာ
နိုင်ငံလွတ်လပ်ရေးအတွက်အသက်ကိုပဓာနမထားဘဲတိုက်ပွဲဝင်ခဲ့သည့်ဗိုလ်ချုပ်အောင်ဆန်းအပါအ
ဝင်အာ ဇာနည်(၉)ဦးကိုအစဥ်အောင်းမေ့သတိရစေလိုကြောင်း၊အနာဂတ်၏မျိုးဆက်သစ်လူငယ်များသည်အမျိုးကိုချစ်တဲ့စိတ် ၊မိမိဘာသာကိုယုံကြည်မှု၊မိမိယဥ်ကျေးမှုကိုထိန်းသိမ်းထားလိုတဲ့စိတ်များမွေး
မြူရမှာဖြစ်ပါကြောင်းစသည့်အကြောင်းအရာများကိုဟောပြောဆွေးနွေးခဲ့သည်။ဆက်လက်၍စာဖတ်ရှိန်မြှင့် တင်ရေးအတွက်(
၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်ဆုချီးမြှင့်အခမ်းအနားကျင်းပရာပုံပြင်ပြော၊ပန်းချီ၊ကဗျာရွတ်ဆိုခြင်းနှင့်စာစီစာကုံးပြိုင်ပွဲများတွင်ဆုရရှိသည့်ကျောင်းသား/သူများအားတက်ရောက်လာကြသည့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်အမျိုးသမီးရေးရာအဖွဲ့၊မြို့နယ်အဆင့်ဌာနဆိုင်ရာ
အကြီး အကဲများကဆုများကိုအသီးသီးချီးမြှင့်ပေးခဲ့ကြကြောင်းသိရသည်။


