နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကလေးအလုပ်သမားပပျောက် ရေးအသိပညာပေး                      ဟောပြောပွဲပြုလုပ်

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကလေးအလုပ်သမားပပျောက် ရေးအသိပညာပေး                      ဟောပြောပွဲပြုလုပ်
နတ်မောက် ဇူလိုင် ၂၀
မကွေးတိုင်ဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကလေး
အလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲကိုယနေ့နံနက်၉နာရီခွဲအချိန်ကလူထုအခြေ
ပြုဗ ဟိုဌာန(Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်
ကကလေးအလုပ်သမား၏အဓိပ္ပါယ်၊ကလေးအလုပ်သမားနှင့်ပတ်သက်၍အလုပ်လုပ်ရန်သင့်တော်သည့်အသက်အရွယ်၊ကလေးအလုပ်သမားများ၏တစ်နေ့တာအလုပ်လုပ်ချိန်နှင့်ခံစားခွင့်နှင့်ပတ်သက်၍ပြဋ္ဌာန်းထားမှုများ၊အသက်၁၄နှစ်ပြည့်ပြီးအလုပ်စေခိုင်းပါကကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပါအချက်များအတိုင်းလိုက်နာဆောင်ရွက်ရမည့်ဖြစ်ကြောင်းအသိပညာပေးဟောပြော
ခဲ့သည်။အဆိုပါအသိပညာပေးဟောပြောပွဲသို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိကျောင်းသား/
သူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။

oplus_1026
oplus_1026