နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)၌လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်
နတ်မောက် ဇူလိုင် ၂၁
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စာအုပ်စာ စောင်ချစ်မြတ်နိုးသူ(Book Club)နှင့်ပူးပေါင်း၍ယနေ့နံနက်၁၁နာရီအချိန်ကစာရေးဆရာဒေါက်တာ ခင်မောင်ညို၏လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်းစာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပ ခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကလူငယ်များ စာပေဖတ်ရှုရာမှာအသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်၊စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊အတွေးအခေါ်များရှင်သန်လာစေရန်နှင့်နားထောင်မှုစွမ်းရည်မြင့်မားလာစေရန်ရည်ရွယ်၍စာ ဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍စာဖတ်ဝိုင်းကိုကျင်းပခဲ့ ရာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒေါ်သိမ့်သိမ့်မိုး( ဦးစီးအရာရှိ-တွဲဖက်)မှစာရေး ဆရာဒေါက်တာခင်မောင်ညိုရေးသားသောလူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်းစာ အုပ်ထဲမှ “လူငယ်နှင့်စူးစမ်းလေ့လာမှုများ”ခေါင်းစဥ်ပါအကြောင်းအရာများကိုဖတ်ရှုရှင်းလင်းခြင်း နှင့်စာအုပ်စာစောင်ချစ်မြတ်နိုးသူ(Book Club)အဖွဲ့ဝင်များကလည်းမိမိတို့အတွေးအမြင်အသိများပြန် လည်ဆွေးနွေးခဲ့ကြသည်။အဆိုပါစာဖတ်ဝိုင်းသို့မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှိဝန်ထမ်းများ၊စာအုပ်စာစောင်ချစ်မြတ်နိုးသူများနှင့်ကျောင်းသား/သူ များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

