နတ်မောက်မြို့အခြေခံပညာအထက်တန်းကျောင်း( အောင်ဆန်း)တွင်နယ်လှည့်စာကြည့်တိုက်၊နံရံကပ် စာစောင်၊ဓာတ်ပုံပြပွဲနှင့်အသိပညာပေးဟောပြောပွဲကျင်းပ
နတ်မောက် ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကနည်လှည့်စာ ကြည့်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲနှင့်အသိပညာပေးဟောပြောပွဲကိုယနေ့နံနက်ပိုင်းကအခြေခံပ ညာအထက်တန်းကျောင်း( အောင်ဆန်း)ကျောင်းခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင် ကကျောင်းသား/သူ များအနေဖြင့်အားလပ်ချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ဗဟုသုတတိုးပွား စေရေးအတွက်ကျောင်းစာအပြင်ပြင်ပစာပေများကိုပါလေ့လာဖတ်ရှုကြစေရန်၊ဗလငါးတန်နှင့်ပြည့်စုံ သောလူတော်လူကောင်းများဖြစ်လာစေရန်အတွက်ဟောပြောခြင်းနှင့်ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းဝေကစာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်းနှင့်ကျောင်းသား/သူ များစာတတ်ဖို့ သာမကပညာတတ်ဖို့ပါကြိုးစားကြရန်စသည့်အကြောင်းအရာများကိုရှင်းလင်းပြောကြားခဲ့သည်။ထို့ နောက်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအာ/ကာမှူးကကျောင်းအုပ်ဆရာကြီးအားကျောင်း သား/သူ များအတွက်အားကစားပစ္စည်းများပေးအပ်ခဲ့သည်။အဆိုပါဟောပြောပွဲသို့မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ဆရာ/မ များနှင့် ကျောင်းသား/သူ များတက်ရောက်ခဲ့ကြသည်။နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနအနေဖြင့်ကျောင်းသား/သူ များအသိပညာဗဟုသုတများတိုးပွားစေရန်နယ်လှည့်စာ ကြည့်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲ၊စာအုပ်ပြပွဲနှင့်ဟောပြောပွဲများကိုစဥ်ဆက်မပြတ်ဆောင် ရွက်ပေးလျက်ရှိသည်။



