နတ်မောက်မြို့၌အခြေခံပညာကျောင်းများသို့ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်ဖြင့်သုတ/ရသ စာအုပ်စာစောင်များငှားရမ်းပေး
နတ်မောက် ဇူလိုင် ၂၃
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိဝန်ထမ်းများ ကဒေသခံပြည်သူများနှင့်ကျောင်းသား/သူ များအားစာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများဖြစ် ပေါ်လာစေရန်နတ်မောက်မြို့ပြည်သူ့စာကြည့်တိုက်သို့လာရောက်မငှားရမ်းနိုင်သည့်ဌာနဆိုင်ရာရုံးများ၊ အဃြေံပညာကျောင်းများသို့ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်ဖြင့်သုတ၊ရသစာအုပ်စာစောင် များတင်ဆောင်၍လှည့်လည်ငှားရမ်းပေးလျက်ရှိရာယနေ့နံနက်ပိုင်းကအခြေခံပညာအထက်တန်း ကျောင်း( အောင်ဆန်း)တွင်သုတ၊ရသစာအုပ်စာစောင်များငှားရမ်းပေးခဲ့သည်။
ထိုသို့ကျောင်းသား/သူ များအားစာအုပ်စာအုပ်စာစောင်များငှားရမ်းပေးရာတွင်ရုံးဝန်ထမ်းများကငှား ရမ်းဖတ်ရှုလိုသည့်သုတ/ရသစာအုပ်စာစောင်များကိုကူညီဆောင်ရွက်ပေးခဲ့ပြီးစာပေဝါသနာရှင်များ နှင့်စာဖတ်ပရိတ်သတ်များငှားရမ်းဖတ်ရှုလိုသည့်စာအုပ်/စာစောင်များကိုမြို့နယ်ပြည်သူ့စာကြည့်တိုက် သို့အခမဲ့လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်းနှင့်ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်အတွင်းဝတ္ထု၊ မဂ္ဂဇင်း၊ရုပ်ပြနှင့်အသိပညာဗဟုသုတများစွာရရှိမည့်သုတ/ရသစာအုပ်များကိုငှားရမ်းပေးခဲ့ပြီးစာအုပ် များကို( ၂)ပတ်တစ်ကြိမ်အသစ်လဲလှယ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။



