နတ်မောက်မြို့နယ်ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းတွင်ကျောင်းသား/သူ များအားရုပ်ပုံပြပုံ ပြောခြင်းအစီအစဥ်ပြုလုပ်
နတ်မောက် ဇူလိုင် ၂၄
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကလေးစာဖတ်ခန်းတွင်အမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်းရှိမူလတန်းကျောင်းသား/သူ များအားယနေ့ နံနက်ပိုင်းကရုပ်ပုံပြပုံပြင်ပြောခြင်းပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ပြုလုပ်ဆောင်ရွက်ပေးရာတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်အိပြည့်ပြည့်ခိုင်( လုပ်သားရုပ်သံ)ကကျောင်းသား/သူကလေးငယ်များအားလပ်သည့်အချိန်များ တွင်ပြည်သူ့စာကြည့်တိုက်သို့စဥ်ဆက်မပြက်ဝင်ထွက်သွားလာကြစေရန်ရည်ရွယ်၍လီခခ်စာပေနှင့်ယဥ် ကျေးမှုကော်မတီမှရေးသားပြုစုသည့် “ကူညီတတ်သောငှက်ကလေး”ရုပ်ပြပုံပြင်စာအုပ်အားကလေး ငယ်များကရုပ်ပြပုံပြောခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကလေးစာဖတ်ခန်းတွင်ကျောင်းသား/သူ များအားစာဖတ်သည့်အလေ့အ ကျင့်ကောင်းရရှိစေရန်နှင့်အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်ကျောင်းသား/သူကလေးငယ်များ အားလပ်သည့်အချိန်များတွင်ရုပ်ပုံပြပုံပြင်ဖတ်ပြခြင်း၊ပုံပြင်ပြောခြင်း၊ကာယဥာဏစွမ်းရည်ပြိုင်ပွဲများ ကိုလစဥ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။



