နတ်မောက်မြို့အခြေခံပညာအလယ်တန်းကျောင်း( တမာပင်)တွင်နယ်လှည့်စာကြည့်တိုက်နံရံကပ်စာ စောင်၊ဓာတ်ပုံပြပွဲနှင့်ဟောပြောပွဲဆောင်ရွက်
နတ်မောက် သြဂုတ် ၆
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနကကျောင်းသား/သူ များအားလပ်သည့်အချိန်တွင်စာအုပ်စာစောင်များလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ၊အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍နယ်လှည့်စာကြည့်တိုက်၊နံရံ ကပ်စာစောင်၊ဓာတ်ပုံပြပွဲနှင့်ဟောပြောပွဲဆောင်ရွက်ခြင်းကိုယနေ့နံနက်၉နာရီအချိန်ကအခြေခံပညာအ လယ်တန်းကျောင်း( တမာပင်)တွင်ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင်အ.လ.က( တမာပင်)ကျောင်းအုပ်ဆရာမဒေါ်မာဌေးကကျောင်းသား/သူ များ အားအချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့်အသိပညာဗဟုသုတတိုးပွားစေရန်၊အားလပ်ချိန် တွင်ပြည်သူ့စာကြည့်တိုက်သို့သွားရောက်စာပေများလေ့လာဖတ်ရှုစေရန်စသည့်အကြောင်းအရာများ ကိုပြောကြားခဲ့ပြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်နှင့် ဒေါ်ဝင်းမေထွန်း( စာထောက်- ၃)တို့ကကျောင်းသား/သူ များအားစာဖတ်ခြင်းဖြင့်ရရှိနိုင်သောအကျိုး ကျေးဇူးများ၊မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့်လူကုန်ကူးမှုအန္တရာယ်အကြောင်း၊နေ့ ထူးနေ့မြတ်များအကြောင်း၊စာဖတ်ခြင်းကြောင့်ရရှိနိုင်သောအကျိုးကျေးဇူးများ၊စာကြည့်တိုက်ကိုအ သုံးချတတ်လာပြီးစာဖတ်သည့်အလေ့အထကောင်းများရရှိလာနိုင်ခြင်းတို့ကိုအသိပညာပေးဟော ပြောခဲ့သည်။ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြသထားသည့်နံရံ ကပ်စာစောင်များကိုကျောင်းသား/သူလေးများကစိတ်ပါဝင်စားစွာလေ့လာကြည့်ရှုမှတ်သားခဲ့ကြ ကြောင်းသိရသည်။


