နတ်မောက်မြို့၌နယ်လှည့်စာကြည်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲနှင့်အသိပညာပေးဟောပြောပွဲ ပြုလုပ်
နတ်မောက် စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကနယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲနှင့်အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်းကိုယနေ့နံနက်ပိုင်း ကအမှတ်( ၂)အခြေခံပညာထေက်တန်းကျောင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိကျောင်းအုပ်ဆရာမကြီးဒေါ်မြမြစိုးကကျောင်းသား/သူ
များအားလပ်ချိန်များတွင်ကျောင်းစာအပြင်ပြင်ပစာပေများလေ့လာဖတ်ရှုခြင်းဖြင့်အသိပညာဗဟုသုတများပိုမိုကြွယ်ဝလာမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီးမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒေါ်ဝင်းမေထွန်း( စာကြည့်တိုက်လက်ထောက်-၃)က ကျောင်း သား/သူများစာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊အမှားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်စွမ်း
ရှိစေရန်ရည်ရွယ်၍“စာဖတ်ခြင်းအကျိုးကျေးဇူး”ခေါင်းစဥ်ဖြင့်စာပေလေ့လာဖတ်ရှုစေရေးအသိပညာပေးဟောပြောခဲ့သည်။သို့ဖြစ်၍မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြသထား သည့်အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ရာကျောင်းသား/သူ
များကစိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။



