နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်
နတ်မောက် စက်တင်ဘာ ၁၉
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကစာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကိုယမန်နေ့နေ့လည်ပိုင်းအချိန်ကအမှတ်(၂)အ ခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကျောင်းသား/သူလူငယ်လူရွယ်များအနေဖြင့်ဘက်စုံထူးချွန်သောလူရည်ချွန်၊လူရည်မွန်များဖြစ်လာစေရန်နှင့်နောင်တစ်ချိန်တွင်နိုင်ငံတော်ကအားထားရသည့်လူကောင်းလူတော်များဖြစ်လာစေရန်၊ဗလငါးတန်ဖွံ့ဖြိုးတိုး တက်စေရန်ရည်ရွယ်၍ဒေါ်သိမ့်သိမ့်မိုး( ဦးစီးအရာရှိ- တွဲဖက်)မှ“လူငယ်နှင့်စာဖတ်ခြင်း”ခေါင်းစဥ်
ဖြင့်ဟောပြောဆွေးနွေးခဲ့သည်။ထို့နောက်ဟောပြောပွဲအပြီးတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှပြသထားသည့်အသိပညာပေးနံရံကပ်စာစောင်များကိုကျောင်းသား/သူများကစိတ် ဝင်တစားဖတ်ရှုလေ့လာခဲ့ကြကြောင်းသိရသည်

oplus_1026
oplus_1026
oplus_1026