နတ်မောက်မြို့၌လူထုအခြေပြုဗဟိုဌာန(CommunityCentre)ဘက်စုံသုံးခန်းမတွင်စာဖတ်ဝိုင်းဆွေး နွေးပွဲပြုလုပ်

နတ်မောက်မြို့၌လူထုအခြေပြုဗဟိုဌာန(CommunityCentre)ဘက်စုံသုံးခန်းမတွင်စာဖတ်ဝိုင်းဆွေး နွေးပွဲပြုလုပ်
နတ်မောက် စက်တင်ဘာ ၂၁
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကအမှတ်( ၁) အခြေခံပညာအထက်တန်းကျောင်းရှိကျောင်းသား/သူနှင့်အတူဒို့ကျေးရွာဂျာနယ်အတွဲ( ၃)အမှတ် (၁၈)ပါစာရေးဆရာဒေါက်တာသန်းထွန်းရေးသားသည့်
“လူငယ်တွေစာဖတ်ကြပါ”ဆောင်းပါးဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကိုယနေ့နံနက်၁၀နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်နှင့်ဒေါ်သိမ့်သိမ့်မိုး( ဦးအရာရှိ- တွဲဖက်)တို့က
“လူငယ်တွေစာဖတ်ကြပါ”ဆောင်းပါး၏အကြောင်းအရာများကိုဆွေးနွေးပြောကြားခဲ့သည်။ထို့နောက်တက်ရောက်လာကြသည့်ကျောင်းသား/သူများကဆောင်းပါးတွင်ပါရှိသည့်အကြောင်းအရာများအပေါ်သိရှိလိုသည်များကိုအပြန်အလှန်မေးမြန်းခဲ့ကြကြောင်းသိရ
သည်။

oplus_1026
oplus_1026
oplus_1026
oplus_1026