နတ်မောက်မြို့အခြေခံပညာမူလတန်းကျောင်းတွင်နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြ ပွဲနှင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်

နတ်မောက်မြို့အခြေခံပညာမူလတန်းကျောင်းတွင်နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြ ပွဲနှင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်
နတ်မောက် အောက်တိုဘာ ၇
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာရေးဌာနတို့ပူးပေါင်း၍နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲနှင့်အသိပညာပေး ဟောပြောပွဲကိုယမန်နေ့နံနက်၁၀နာရီအချိန်ကစျေးရပ်ကွက်ရှိအခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာအခြေခံပညာမူလတန်းကျောင်းအုပ်ဆရာကြီးကအဖွင့်အမှာစကားပြောကြားပြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကလူကုန်ကူးမှုဖြစ်ပွားရသည့်အကြောင်းအရင်းများနှင့်ဖြစ်စဥ်များ၊အမျိုးသမီးများနှင့်ကလေးသူငယ်များတွေ့ကြုံနေရသည့်လူကုန်ကူးမှုအန္တရာယ်များအကြောင်းရှင်းလင်းပြောကြားခြင်းနှင့်ဒုတိယဦးစီးမှူးဒေါ်သင်းသင်းဝေကက
လေးအလုပ်သမားပပျောက်ရေး၊ကျောင်းသားလူငယ်အနေဖြင့်ရည်မှန်းချက်ထားကြိုးစားရန်၊စာရိတ္တကောင်းသောလူငယ်များဖြစ်စေရေးကြိုးစားနေထိုင်ရန်၊အသိပညာဗဟုသုတများပြည့်စုံစေရေးစာပေလေ့လာဖတ်ရှုကြရန်စသည့်အကြောင်းအရာများကိုရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိဝန်ထမ်းများကကလေးအလုပ်သမားပပျောက်ရေးနံ
ရံကပ်စာစောင်၊မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များကိုပြသခဲ့ရာကျောင်း
သား /သူ များကစိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်းသိရသည်။

oplus_1026
oplus_1026
oplus_1026
oplus_1026