နတ်မောက်မြို့အခြေခံပညာအလယ်တန်းကျောင်း( တမာပင်)တွင်လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

နတ်မောက်မြို့အခြေခံပညာအလယ်တန်းကျောင်း( တမာပင်)တွင်လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

နတ်မောက်      အောက်တိုဘာ ၁၂

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပ ညာဦးစီးဌာနတို့ပူးပေါင်း၍ကျောင်းသား/သူလူငယ်များအသိပညာဗဟုသုတကြွယ်ဝစေပြီးဘက်စုံဖွံ့ ဖြိုးတိုးတက်စေရန်နှင့်လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်ဆွေးနွေးပွဲများတွင်ပါဝင်တတ် စေရန်ရည်ရွယ်၍လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုယနေ့နံနက်၉နာရီအချိန်ကအခြေခံပညာအလယ် တန်းကျောင်း( တမာပင်)တွင်ကျင်းပခဲ့သည်။

ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒေါ်သိမ့်သိမ့်မိုး( ဦးစီးအရာရှိ- တွဲဖက်) ကအနာဂတ်သားကောင်းရတနာ၊သမီးကောင်းရတနာများဖြစ်လာစေရန်နှင့်နှုတ်မှုစွမ်းရည်များပြည့်ဝ လာစေရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးရည်ရွယ်၍လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်းရှင်း လင်းပြောကြားသည်။ဆက်လက်၍မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သိမ့်သိမ့်မိုး( ဦးစီးအရာရှိ- တွဲဖက်)ကဦးဆောင်ဆွေးနွေးသူဖြစ်ဆောင်ရွက်ကာကျောင်းသား/သူ လေးများကလူငယ်နှင့်ပညာရေး၊လူငယ်နှင့်စာဖတ်ခြင်း၊လူငယ်နှင့်စာရိတ္တ၊လူငယ်နှင့်ကျန်းမာရေး ခေါင်းစဥ်တို့ဖြင့်ဆွေးနွေးခဲ့ကြသည်။ထို့နောက်တက်ရောက်လာကြသည့်ကျောင်းသား/သူ များကသိ လိုသည်များကိုပြန်လည်ဆွေးနွေးကြရာတာဝန်ရှိသူများကကဏ္ဍာအလိုက်ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

oplus_1026
oplus_1026
oplus_1026
oplus_1026
oplus_1026we