နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်သတ်ပုံအမှန်ရွေးကြမယ်ပြိုင် ပွဲကျင်းပ
နတ်မောက် အောက်တိုဘာ ၁၃
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍သတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲကိုယနေ့နံနက်၉နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကမြန် မာစာပေ၏အရေးပါမှုကိုသိရှိနားလည်စေရန်၊နေ့စဥ်အသုံးပြုနေသောစကားလုံးများတွင်သတ်ပုံအမှား များလျော့နည်းလာစေရန်၊စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်ပြီးဗဟုသုတမျှမီလိုစိတ်မြင့်တင်ပေးရန်စ သည့်ရည်ရွယ်ချက်များဖြင့်ပြိုင်ပွဲများပြုလုပ်ပေးရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။ထို့ နောက်ပြိုင်ပွဲတွင်ကျောင်းသား/သူ( ၃၅)ဦးယှဥ်ပြိုင်ခဲ့ကြရာသတ်မှတ်ထားသောမြန်မာစကားလုံးများထဲ မှအမှားနှင့်အမှန်ကိုမှန်ကန်မြန်ဆန်စွာရွေးချယ်နိုင်သူများကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနကဆုများချီးမြှင့်ပေးခဲ့သည်။



