နတ်မောက်မြို့နယ်မြို့မစျေးကြီးအတွင်းအယ်လ်နီညိုရာသီဥတုဖြစ်စဥ်အသိပညာပေးလက်ကမ်းစာ စောင်များဖြန့်ဝေပေး
နတ်မောက် အောက်တိုဘာ ၁၅
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍အယ်လ်နီညိုရာသီဥတုဖြစ်စဥ်အသိပညာပေးလက် ကမ်းစာစောင်များကိုယနေ့နံနက်ပိုင်းကမြို့မစျေးကြီးတွင်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင်အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကာလဝယ်ကျန်းမာအောင်နေကြမယ်လက်ကမ်း စာစောင်မှအပူဒဏ်အန္တရာယ်၊ရေရှားပါးမှုနှင့်ရေကြီးရေလျှံမှုအကြောင်း၊မသန့်ရှင်းသောရေနှင့်အစားအစာများမှကူးစက်ဖြစ်ပွားနိုင်သောရောဂါများ၊ခြင်ပေါက်ပွားမှုများပြားခြင်းကြောင့်ဖြစ်ပေါ်သောကူး စက်ရောဂါများ၊ပူပြင်းခြောက်သွေ့မှုကြောင့်တောမီးလောင်ခြင်းနှင့်အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများစသည့်အကြောင်းအရာများကိုမြို့မစျေးကြီးအတွင်းစျေးရောင်းစျေးဝယ်ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
