နတ်မောက်မြို့၌နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲနှင့်အသိပညာပေးဟောပြောပွဲ ကျင်းပ
နတ်မောက် အောက်တိုဘာ ၁၅
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲနှင့်အသိပ ညာပေးဟောပြောပွဲကိုယမန်နေ့နံနက်၁၀ နာရီခွဲအချိန်ကအမှတ်( ၁)အခြေခံပညာအထက်တန်း ကျောင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သိမ့်သိမ့်မိုး( ဦးစီးအရာရှိ- တွဲဖက်)ကနယ်လှည့်စာကြည့်တိုက်အသိပညာပေးဟောပြောခြင်း၊ စာဖတ်ခြင်း၏အကျိုးကျေးဇူး၊အယ်လ်နီညိုဆိုသည့်အဓိပ္ပါယ်၊အယ်လ်နီညိုဖြစ်စဥ်ကြောင့်ဖြစ် ပေါ်နိုင်သောရာသီဥတုအကျိုးသက်ရောက်မှုများကိုကျောင်းသား/သူ များအားရှင်းလင်းပြောကြား ခဲ့သည်။ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိဝန်ထမ်းများကပြသထား သည့်အသိပညာပေးနံရံကပ်စာစောင်များကိုကျောင်းသား/သူလေးများကစိတ်ပါဝင်စားစွာကြည့်ရှုခဲ့ ကြကြောင်းသိရသည်။




