နတ်မောက်မြို့၌အယ်လ်နီညိုဖြစ်စဥ်ကြောင့်ကြုံတွေ့လာနိုင်သည့်သဘာဝဘေးအန္တရာယ်ကြိုတင်ကာ ကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

နတ်မောက်မြို့၌အယ်လ်နီညိုဖြစ်စဥ်ကြောင့်ကြုံတွေ့လာနိုင်သည့်သဘာဝဘေးအန္တရာယ်ကြိုတင်ကာ ကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

နတ်မောက်    အောက်တိုဘာ ၁၇

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်စီးမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီကအယ်လ်နီညိုဖြစ် စဥ်ကြောင့်ကြုံတွေ့လာနိုင်သည့်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကိုယမန်နေ့နေ့လည်၁နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(Community Centre)ဘက် စုံသုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ဦးကအဖွင့်အမှာစကားပြောကြားပြီးမြို့နယ်အဆင့်တာဝန်ရှိဌာနဆိုင်ရာအကြီးအကဲများ ကလည်းအယ်လ်နီညိုဖြစ်စဥ်ကြောင့်ရာသီဥတုဖောက်ပြန်ခြင်း၊အပူလွန်ကဲခြင်း၊မိုးခေါင်ရေရှားပါး နိုင်ခြင်း၊နတ်မောက်မြို့နယ်အတွင်းနွေရာသီရေရှားပါးမှုပေါ်ပေါက်လာပါကသောက်သုံးရေအဆင် ပြေစေရေးစနစ်တကျကြိုတင်စုဆောင်းရန်၊ရာသီဥတုပူပြင်းမှုကြောင့်ဖြစ်ပွားတတ်သည့်အပူရှပ်ခြင်း နှင့်ရေဓာတ်ခမ်းခြောက်ခြင်းတို့မှကာကွယ်ရန်ကျန်းမာရေးဆိုင်ရာလိုက်နာရန်၊ရာသီဥတုခြောက်သွေ့ သဖြင့်မီးလောင်ကျွမ်းမှုမဖြစ်ပွားစေရန်၊မိုးခေါင်ရေရှားမှုသက်ရောက်နိုင်သည့်တောင်သူများအတွက် ရေချွေတာစိုက်ပျိုးနိုင်သည့်သီးနှံမျိုးစေ့များပြောင်းလဲစိုက်ပျိုးရန်စသည့်အကြောင်းအရာများကိုသက် ဆိုင်ရာတာဝန်ရှိသူများကအသီးသီးရှင်းလင်းဟောပြောခဲ့သည်။အဆိုပါအခမ်းအနားသို့မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊စာရေးဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး အယ်လ်နီညိုဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။

oplus_1026
oplus_1026
oplus_1026
oplus_1026
oplus_1026
oplus_1026