နတ်မောက်မြို့နယ်တွင်ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များသွားရောက် ငှားရမ်းပေး
နတ်မောက် ဇန်နဝါရီ ၁၂ မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်တွင်ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ယနေ့နံနက် (၁၀)နာရီ အချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သို့ သွားရောက်၍ စာအုပ်စာစောင်များ သွားရောက် ငှားရမ်းပေးခဲ့သည်။ နတ်မောက်မြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ကျေးရွာ(၆)ရွာ၊ဌာနဆိုင်ရာ(၁၄)ဌာန နှင့်အခြေခံပညာကျောင်း(၄)ကျောင်းသို့သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက နှစ်ပတ်လျှင် (၁)ကြိမ် စာအုပ်များလဲလှယ်ငှာရမ်းပေးလျက်ရှိသည်။ထိုသို့ငှားရမ်းပေးရာတွင် ဤစီးဌာနက ပေးပို့သော စာဖတ်သူ ကြိုက်နှစ်သက်သောစာအုပ်များအပြင် အလှူရှင်များက လှူဒါန်းသော စာအုပ်များ ကိုလည်း ငှားရမ်းပေးလျက်ရှိကြောင်းသိရသည်။
