နတ်မောက်မြို့နယ်နယ်လှည့်၊နံရံကပ်၊ဓာတ်ပုံပြပွဲနှင့် အသိပညာပေး ဟောပြောပွဲများဆောင်ရွက်
နတ်မောက် ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ပညာရေးဌာန တို့ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း)တွင် နယ်လှည့်၊ နံရံကပ်၊ ဓာတ်ပုံ ဟောပြောပွဲများ ဆောင်ရွက်ခဲ့ကြသည်။ ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဝင်းမေထွန်း (စာထောက်-၃) က စာဖတ်ခြင်းအကျိုးကျေးဇူးနှင့် မူးယစ်ဆေးဝါး အန္တရာယ အသိပညာပေး အကြောင်းအရာ များကို ဟောပြောခဲ့သည်။ ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား ကျောင်းသူများက ကြည့်ရှု့ လေ့လာ ခဲ့ကြောင်း သိရသည်။


