နတ်မောက်မြို့နယ်တွင်စာဖတ်ရှိန်မြှင့်တင်ရေးပုံပြင်ပြောပြိုင်ပွဲကျင်းပ
နတ်မောက် ဇန်နဝါရီ ၁၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဥမ္မာခင်က အသိပညာ ဗဟုသုတ ကြွယ်ဝသည့် လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရန် ၊နားထောင်မှုစွမ်းရည်မြင့်မားစေရန်၊ပြည်သူ့စာကြည့်တိုက် နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး ၊ ပုံပြင်ပြောပြိုင်ပွဲကျင်းပခဲ့ရာ အိုးကလေးနှစ်လုံး၊ ဦးချိုပျောက်တဲ့ခွေးကလေး၊ သက်တံငါးစသည့်ခေါင်းစဉ်များဖြင့် ကျောင်းသား/သူများက အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား/သူ(၁၂)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ဆုရရှိသူများအား မြို့နယ်ဦးစီးအရာရှိ က ဆုများချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။




