နတ်မောက်မြို့၌ “ဗလငါးတန်ပြည့်ဝ
ဖို့အားလုံးကြိုးပမ်းစို့”ခေါင်းစဥ်ဖြင့်စာစီစာကုံးပြိုင်ပွဲကျင်းပ
နတ်မောက် ဇန်နဝါရီ ၃၀
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့ ၌ “ဗလငါးတန်ပြည့်ဝဖို့အားလုံးကြိုးပမ်းစို့”ခေါင်းစဥ်ဖြင့်စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်၉နာရီခွဲအချိန်ကလူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမတွင်ကျင်းပခဲ့သည်။
အဆိုပါစာစီစာကုံးပြိုင်ပွဲတွင် စာရေးဆ ရာမောင်နန္ဒ(မြစ်ကြီးနား)က အဖွင့်အမှာစကားပြောကြားခဲ့သည်။ထို့နောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကပြိုင်ပွဲ၏အမှတ်ပေးစည်းကမ်းချက်များကိုရှင်းလင်း ပြောကြားခဲ့သည်။ဆက်လက်၍ပြိုင်ပွဲကိုကျင်းပခဲ့ရာ“ဗလငါးတန် ပြည့်ဝဖို့အားလုံးကြိုးပမ်းစို့”ခေါင်းစဥ်ဖြင့်ကျင်းပခဲ့ရာမြို့ပေါ်ရှိအမှတ်
(၁)အခြေခံပညာအထက်တန်းကျောင်း၊အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊အခြေခံပညာအ
ထက်တန်းကျောင်း(အောင်ဆန်း)၊အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)တို့မှကျောင်းသား/သူ(၂၀)ဦးဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။အဆိုပါပြိုင်ပွဲတွင်ဆုရရှိသူများအား အခမ်းအနားဖြင့်ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။



