နတ်မောက်မြို့နယ်၌(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြိုင်ပွဲများတွင်ဆုရရှိသူများအာဆုချီးမြှင့်ပေး 

နတ်မောက်မြို့နယ်၌(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြိုင်ပွဲများတွင်ဆုရရှိသူများအာဆုချီးမြှင့်ပေး                                      နတ်မောက်   ဖေဖော်ဝါရီ ၁၂

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်၌(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲကို ယနေ့နံနက်ပိုင်းက နတ်မောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးရှေ့တွင် ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားတွင် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိသူ များအားဆုများချီးမြှင်းပေးခဲ့ကြောင်းသိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ပညာရေးဌာနတို့ပူးပေါင်းကျင်းပသော  (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း အဆင့်ပြိုင်ပွဲ များတွင် ဆုရရှိသည့်ကျောင်းသား/သူများအား မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်တာဝန်ရှိသူများက ဆုများအားအသီးသီးချီးမြှင့်ခဲ့သည်။အဆိုပါအခမ်းအနားတွင် တက်ရောက်လာကြ သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ဆရာ/မများ နှင့် ကျောင်းသား/သူများအား မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကိုဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။