နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre) ခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲကျင်းပ
နတ်မောက် မတ် ၁၇
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community
Centre)ခန်းမတွင် ကလေးငယ်များဥာဏ်ရည်ဥာဏ်သွေးထက်မြက်စေရန်နှင့်စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်ပုံပြင်ပြောပြိုင်ပွဲကိုယမန်နေ့နေ့လယ်ပိုင်းအချိန်ကကျင်းပခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်း သား/သူများအနေဖြင့်အားလပ်ရက်များကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊နှုတ်မှုစွမ်းရည်တိုးတက်လာစေရန်နှင့်စာဖတ်ခြင်းကိုဝါသနာပါလာစေရန်ရည်ရွယ်၍ပြိုင်ပွဲများပြုလုပ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်ပြိုင်ပွဲကိုကျင်းပခဲ့ရာမြို့ပေါ်ရှိကျောင်းသား/သူလေးများကမိ
မိတို့နှစ်သက်သည့်ပုံပြင်များဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။အဆိုပါပြိုင်ပွဲတွင်အမူအရာနှုတ်မှုစွမ်းရည်ထက်မြက်စွာ ယှဥ်ပြိုင်နိုင်သူများကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှအမှတ်တရလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ပြီးပြသထားသည့်နံရံကပ်စာစောင်များကိုလည်းကျောင်းသား/ သူ များကစိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။

