နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre)၌ အခြေခံကွန်ပျူတာသင်တန်းဆက်လက်သင်ကြားပေးလျက်ရှိ
နတ်မောက် မတ် ၁၇
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြု ဗဟိုဌာန(Community Centre)၌ကျောင်းသား/သူများနွေရာသီကျောင်းပိတ်ရက်များကိုအချိန်ရှိစွာအသုံးချနိုင်စေရန်နှင့်ကွန်ပျူတာနည်းပညာရပ်များတတ်မြောက်စေရန်ရည်ရွယ်၍အခြေခံကွန်ပျူတာ သင်တန်းကို နံနက်(၉)ခွဲ(၁)ကြိမ်၊ နီနက်(၁၀)ခွဲ(၁)ကြိမ် ဖွင့်လှစ်သင်ကြားပရှေးလျက်ရိှသည်။အဆိုပါသင်တန်းတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးခန့်စည်သူထွန်းကကွန်ပျူတာအခြေခံစနစ်များ၊စာစီစာရိုက်နည်းပညာများ၊Internetနှင့်Emailအသုံးပြုနည်းများစသည့်ဘာသာရပ်များကိုစာတွေ့၊လက်တွေ့စနစ်တကျသင်ကြားပေးသွားမည်ဖြစ်ပြီးသင်တန်းတွင်ကျောင်းသား/သူ(၃၆)ဦးတက်ရောက်ခဲ့ကြရာသင်တန်းကာလမှာရက်သတ္တပတ် (၄)ပတ်ကြာသင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။



