နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌အင်္ဂလိပ်စာပြိုင်ပွဲပြုလုပ်
နတ်မောက် ဧပြီ ၉
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre)တွင်ကျောင်းသား/သူများနွေရာသီကျောင်းပိတ်ရက်အတွင်းအချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့်အင်္ဂလိပ်စာအရည်အသွေးပိုမိုတိုးတက်လာစေရန်အင်္ဂလိပ်စာစွမ်း ရည်ပြိုင်ပွဲကိုယနေ့နံနက်၉နာရီအချိန်ကကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်း
သား/သူလူငယ်များပြင်ပဗဟုသုတများရှာဖွေလိုစိတ်ရှိစေရန်၊မိမိတို့၏စွမ်းဆောင်ရည်ကိုထုတ်ဖော်
ပြသနိုင်သည့် အခွင့်အလမ်းများ ရရှိစေရန်နှင့်စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်အတွက်
ပြိုင်ပွဲများစီစဥ်ပေးရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်ပြိုင်ပွဲကိုကျင်းပခဲ့ရာတက် ရောက်လာကြသည့်ကျောင်းသား/သူများကမိမိတို့ကြိုက်နှစ်သက်ရာအင်္ဂလိပ်စာခေါင်းစဥ်များဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီးပြိုင်ပွဲတွင်ဆုရရှိသူများကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိကဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။





