နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးပုံပြင်ပြောပြိုင်ပွဲကျင်းပ
နတ်မောက် မေ ၂၁
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ကျောင်း သား/သူ များဖြင့်ပူးပေါင်း၍စာဖတ်ရှိန်မြှင့်တင်ရေးပုံပြင်ပြောပြိုင်ပွဲကိုယနေ့နံနက်၁၀ နာရီအချိန်ကလူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်းသား/သူလူငယ်များအနေဖြင့်ကာယ၊ဥာဏ၊စာရိတ္တ၊မိတ္တ၊သုခဆိုသည့်ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့်နွေရာသီကျောင်းပိတ်ရက်များကိုအကျိုးရှိစွာအသုံးချ တတ်စေရန်အတွက်ယခုကဲ့သို့ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ပြိုင်ပွဲကိုကျင်းပခဲ့ရာကျောင်းသား/သူလေးများကမိမိတို့ဖတ်ရှုလေ့လာထားသည် “သူငယ်ချင်းကောင်း၊ညီညွတ်ကြပါစို့”ခေါင်းစဥ်ပါပုံပြင်များကိုကိုယ်ဟန်အမူအရာနှုတ်မှုစွမ်းရည်များ ဖြင့်စိတ်ဝင်စားဖွယ်ယှဥ်ပြိုင်ခဲ့ကြသည်။အဆိုပါပြိုင်ပွဲတွင်ဆုရရှိသည့်ကလေးငယ်များအားမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိကဆုများကိုချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။




