နတ်မောက်မြို့၌သွေးလွန်တုပ်ကွေးရောဂါအကြောင်းအသိပညာပေးဟောပြောပွဲပြုလုပ်
နတ်မောက် သြဂုတ် ၄
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်ကျန်းမာရေး
ဌာနတို့ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါအကြောင်းအသိပညာပေးဟောပြောခြင်းကိုယမန်နေ့နံနက်ပိုင်းကမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင်မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ကျန်းမာရေးမှူးအဆင့်(၁)ဒေါ်ရီရီငြိမ်းကသွေး
လွန်တုပ်ကွေးကင်းဝေးရေးလူတိုင်းပါဝင်ကူညီဆောင်ရွက်ပေးဆောင်ပုဒ်နှင့်အညီသွေးလွန်တုပ်
ကွေးရောဂါလက္ခဏာများ၊ခြင်ကျားကြောင့်ဖြစ်ပွားတတ်သည့်ရောဂါများအကြောင်း၊ဆင်ခြေထော
က်ရောဂါ၊ဂျပန်ဦးနှောက်ရောင်ရောဂါ၊ငှက်ဖျားရောဂါများအကြောင်း၊ဖုံး၊သွန်၊လဲ၊စစ်၊ခတ်၊ထောင်၊လောင်း၊ ဖွင့်၊ရှင်း၊မြုပ်၊ထည့်စသည့်အကြောင်းအရာများကိုဟောပြောခဲ့ပြီးကျောင်းသား/သူများသွေးလွန်တုပ်ကွေးဖြစ်ပွားသည်ဟုသံသယရှိပါကနီးစပ်ရာကျန်းမာရေးဌာနဆေးရုံ၊ဆေးခန်းများသို့အမြန်ဆုံးသွား ရောက်ပြသရန်ပြောကြားခဲ့ကြောင်းသိရသည်။


