နတ်မောက်မြို့၌နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲနှင့်အသိပညာပေးဟောပြော ပွဲပြုလုပ်
နတ်မောက် သြဂုတ် ၂၂
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကနယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲနှင့်အသိပညာပေးဟောပြောပွဲကိုယမန်နေ့နံနက်၁၀နာရီအချိန် ကအမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်း၌ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒေါ်ဝင်းမေထွန်း(စာ ထောက်-၃) ကကျောင်းသား/သူ များစာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊အမှားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်စွမ်းရှိစေရန်ရည်ရွယ်၍စာဖတ်ခြင်းအကျိုးကျေးဇူးခေါင်းစဥ်ဖြင့်စာပေလေ့လာဖတ်ရှုစေရေးအသိပညာပေးဟောပြောခဲ့သည်။ဆက်လက်၍မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနအနေဖြင့်ကျောင်းသား/သူများစာပေဗဟုသုတရရှိစေရန်အတွက်သုတ၊ရသစာအုပ်စာစောင်များငှားရမ်းပေးခြင်း၊သုတ၊ရသစာအုပ်ပေါင်းစုံကိုခင်းကျင်းပြသခြင်း၊ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်၊လူကုန်ကူးမှုအန္တရာယ်တားဆီး
ကာကွယ်ရေးနံရံကပ်စာစောင်နှင့်မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင် များခင်းကျင်းပြသခဲ့ပြီးအသိ
ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


