နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကလူငယ်များအတွက်ဘဝတိုးတတ် ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
နတ်မောက် နိုဝင်ဘာ ၃
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)လူငယ်များအတွက်ဘဝတိုးတတ်ရေးဆိုင်ရာ အသိပညာပေး ဟောပြော ပွဲကို ယနေ့နံနက်၁၀ နာရီအချိန်ကကျင်း ပခဲ့သည်။
ရှေးဦးစွာ ဒေါ်ရင်ရင်မိုး (စီးပွားရေးလုပ်ငန်းရှင်)(လွင်ပွဲရုံ) က ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို အောင်မြင် စေမည့်အကြောင်းအရာခေါင်းစဉ်ဖြင့်လည်းကောင်း၊မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရှိ ဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်းသား ယနေ့ခေတ်လူငယ်များသည်မိမိသွား ချင်သည့်လမ်းကြောင်းကို လျှောက်လှမ်းနေကြသူများဖြစ်သည့်အတွက် လူငယ်များဗလငါးတန်ဖွံ့ဖြိုး ရေးအတွက်ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ လူငယ်များ၏အတွေးအခေါ်မှန်ကန်ပြီး စစ်မှန် သောမျိုးချစ်စိတ်များပေါ်ထွန်းလာစေရန်အထူးပင်အရေးကြီးကြောင်း၊ကျောင်းသား/သူလူငယ်များနှင့်စာပေဝါသနာရှင်လူငယ်များအနေဖြင့် နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနတွင် အသိပညာဗဟုသုတများတိုး ပွားလာစေရေးအတွက်စာကြည့်တိုက်များကို အသုံးချ လေ့လာဆည်းပူးပြီး စာအုပ်များကိုလေ့လာဖတ်ရှု လိုပါကစာကြည့်တိုက်သို့ လာရောက် အခမဲ့ငှားရမ်းဖတ်ရှုနိုင်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။အဆို ပါလူငယ်များအတွက် ဘဝတိုးတတ်ရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့မြို့ပေါ်ရှိစာပေးဝါသနာ ရှင်လူငယ်များကစိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြကြောင်းသိရသည်



