နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(CommunityCentre)တွင် (၇၉)နှစ်မြောက်ပြည်ထောင်စု နေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ
နတ်မောက် ဖေဖော်ဝါရီ ၂
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်ပညာရေးဌာနတို့ ပူးပေါင်း၍(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပန်းချီပြိုင်ပွဲကိုယနေ့နံနက်(၉)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမတွင်ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင် ကကျောင်းသား/သူများပြည်ထောင်စုစိတ်ဓာတ်ပိုမိုခိုင်မာလာစေရန်၊ မြန်မာနိုင်ငံ၏သမိုင်းဝင်နေ့ထူးနေ့ မြတ်များအကြောင်းသိရှိလာစေရန်ပြိုင်ပွဲများကျင်းပပေးရခြင်းဖြစ်ကြောင်းနှင့်ပြိုင်ပွဲ၏အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍ပန်းချီ ပြိုင်ပွဲကို “ညီညာမှပြည်သာမည်”
ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ရာ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်း(အောင်ဆန်း)၊အခြေခံပညာအလယ်တန်း ကျောင်း (တမာပင်) တို့မှ ကျောင်းသား/သူစုစုပေါင်း
(၃၀)ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင် ဆုရရှိသည့်ကျောင်းသား/သူများကိုဖေဖော်ဝါရီလ(၁၂) ရက်နေ့ ပြည်ထောင်စုနေ့ အခမ်းအနားတွင်ဆုများချီးမြှင့် ပေးသွား မည်ဖြစ်ကြောင်းသိရသည်။

![]()