နတ်မောက်မြို့နယ်တွင်(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကျင်းပ  

နတ်မောက်မြို့နယ်တွင်(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကျင်းပ                                                    နတ်မောက် ဇန်နဝါရီ ၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကို  ယမန်နေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။                                                                                                                                   ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဥမ္မာခင်က (၇၈)နှစ်မြောက်လွတ်လပ်ရေး နေ့ အထိမ်းအမှတ် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ၊ သွေးစည်းချစ်ကြည်  လက်ချင်းဆက် လွတ်လပ်ရေးသည် ဒို့အသက် ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ရာ မြို့ပေါ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊မြို့ပေါ်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊            အခြေခံပညာ အထက်တန်း ကျောင်း (အောင်ဆန်း)၊အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)၊အခြေခံပညာ မူလတန်းကျောင်း(ဈေး)တို့မှ ကျောင်းသား/သူ(၃၉)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ဆုရရှိသူများအား က (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။