နတ်မောက်မြို့နယ်တွင်(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ                 

နတ်မောက်မြို့နယ်တွင်(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ                                                    နတ်မောက် ဇန်နဝါရီ ၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ ကို  ယမန်နေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမတွင် ကျင်းပ ခဲ့သည်။                                                    ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဥမ္မာခင်က (၇၈)နှစ်မြောက်လွတ်လပ်ရေး နေ့ အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ၊ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ကဗျာများဖြင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ မြို့ပေါ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊မြို့ပေါ်ရှိအမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အခြေခံပညာ အထက် တန်းကျောင်း (အောင်ဆန်း)၊အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)၊ အခြေခံပညာ မူလတန်းကျောင်း (ဈေး) တို့မှ ကျောင်းသား/သူ(၁၀)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆုရရှိသူများအား (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင်ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။