နတ်မောက်မြို့နယ်တွင်(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပုံပြင်ပြောပြိုင်ပွဲကျင်းပ နတ်မောက် ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလယ်တန်း အဆင့် ပုံပြင်ပြောပြိုင်ပွဲ ကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမတွင်ကျင်းပခဲ့သည်။ ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဥမ္မာခင်က (၇၈)နှစ်မြောက် လွတ်လပ်ရေး နေ့ အထိမ်းအမှတ် အလယ်တန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ၊ ဒုမြို့နယ်ပညာရေးမှူးက အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားခဲ့သည်။အဆိုပါပြိုင်ပွဲသို့ မြို့ပေါ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(အောင်ဆန်း)၊ အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)၊ အခြေခံပညာမူလတန်း ကျောင်း (ဈေး)တို့မှ ကျောင်းသား/သူ(၁၂)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ဆုရရှိသူများအား (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်


![]()