နတ်မောက်မြို့နယ်တွင် “လူငယ်တွေစဉ်းစားဖို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
နတ်မောက် ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမတွင် စာရေးဆရာ အောင်ကိုဦး(UMK)ရေးသားသော “လူငယ်တွေ စဉ်းစားဖို့” စာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပခဲ့သည်။ ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်များစာပေ ဖတ်ရှု့ရာမှ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန် ၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ အတွေးအခေါ်များရှင်သန်လာစေရန်နှင့်နားထောင်မှုစွမ်းရည်မြင့်မားလားစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပ ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍ စာဖတ်ဝိုင်းကျင်းပခဲ့ရာ ဦးစီးအရာရှိဒေါ်ဥမ္မာခင် နှင့် ဒုတိယဦးစီးမှူးဒေါ်သင်းသင်းဝေတို့က စာရေးဆရာ အောင်ကိုဦး(UMK)ရေးသားသော “လူငယ်တွေစဉ်းစားဖို့” စာအုပ်ခေါင်းစဉ်ပါအကြောင်းအရာများကို ဖတ်ရှု့ရှင်းလင်းခြင်းနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club) အဖွဲ့ဝင်များကလည်း မိမိတို့အတွေးအမြင်အသိများပြန်လည် ဆွေးနွေးခဲ့ကြသည်။ အဆိုပါစာဖတ်ဝိုင်း ဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများနှင့် ကျောင်းသား/သူများတက်ရောက်ခဲ့ကြသည်။နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်စာပေဝါသနာရှင်များနှင့်ပူးပေါင်း၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre တွင် လစဉ်စာဖတ်ဝိုင်းဆွေးနွေးပွဲများ ကျင်းပလျက်ရှိကြောင်း သိရသည်။


