နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးအင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
နတ်မောက် ဇန်နဝါရီ၁၄
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးအင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲကိုယနေ့နံနက်၉နာရီခွဲ အချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်းသား/သူလူငယ်လူရွယ်များ စာပေဗဟုသုတများသိရှိနားလည်ပြီးဥာဏ်ရည်ထက်မြတ်သည့်ဘက်စုံထူးချွန်သောလူရည်မွန်၊ လူရည်ချွန်များဖြစ်လာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့်လူငယ်လူရွယ်များဖြစ်လာစေရန် ၊နှုတ်မှုစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။ဆက်လက်၍ပြိုင်ပွဲကျင်းပခဲ့ရာမူလတန်းအဆင့်ကျောင်းသား/သူ (၅)ဦးတို့မှ
“မြန်မာနိုင်ငံနှင့်၎င်း၏ အိမ်နီးချင်းနိုင်ငံများ”နှင့် “ဥတု(၃) ပါး”အကြောင်းစသည့်ခေါင်းစဥ်များ
ဖြင့်အင်္ဂလိပ်လိုဖတ်ကြားပြီးပြိုင်ပွဲအားယှဥ်ပြိုင်ကြရာဆုရရှိသည့် ကျောင်းသား/သူများအားမြို့နယ်ပြန်
ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိကဆုများချီးမြှင့်ခဲ့ကြကြောင်းသိရသည်။



