နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
နတ်မောက် ဇန်နဝါရီ၁၅
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကိုယမန်နေ့နေ့လည်၂နာရီအချိန်ကအခြေခံပညာအလယ်တန်းကျောင်း(တမာပင်)တွင်ကျင်းပပြု လုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒေါ်သိမ့်သိမ့်မိုးဦးစီးအရာရှိ(တွဲဖက်) က လူငယ်ရေးရာနှင့်ပတ်သက်၍စာဖတ်ရှိန်မြှင့်တင်ရေး၊စာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်းနှင့်လူငယ်တွေအားလပ်ချိန်မှာ အချိန်ကိုအကျိုးရှိရှိအသုံးချစေလိုကြောင်း၊အွန်လိုင်းလိမ်လည်မှုဆိုင်ရာနှင့်ပတ် သက်၍လက်ကိုင်ဖုန်းများမှတစ်ဆင့် Telegram၊Viber၊YouTube၊Messenger၊TikTokတို့မှတစ်ဆင့် ဆက်သွယ်ပြောဆိုအယုံသွင်း၍စာဖြင့်ဆက်သွယ်ကာငွေကြေးလိမ်
လည်ခြင်း၊သွေးဆောင်ကာလူကုန်ကူးခြင်းတို့ကိုအွန်လိုင်းမှတစ်ဆင့်ကျူးလွန်ကြခြင်းကိုအသိ
သတိဖြင့်ဆင်ခြင်ကြရန်ကျောင်းသား/သူများအားအသိပညာပေးဟော​ပြောခဲ့ကြောင်းသိရသည်။