နတ်မောက်မြို့၌မူးယစ်ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးဟော ပြောပွဲကျင်းပ

နတ်မောက်မြို့၌မူးယစ်ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးဟော
ပြောပွဲကျင်းပ
နတ်မောက် ဇန်နဝါရီ၁၈
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌မူးယစ်ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာအသိပညာ ပေးဟောပြောပွဲကိုယနေ့နံနက်၁၀နာရီအချိန်က မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံး ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ် လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဝင်းနိုင်ဦးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာ ကွယ်ရေးဆိုင်ရာအကြောင်းအရာ များကိုရှင်းလင်းခြင်း၊မြို့နယ်ဥပဒေ
ရေးရာဦးစီးအရာရှိ ဦးငြိမ်းချမ်းထွန်းကမူးယစ်ဆေးဝါး များအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေအကြောင်းအရာများကိုရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်မြို့မရဲစခန်းမှူး ဒု-ရဲမှူး သန်းထွန်းကမူးယစ်ဆေးစွဲသူများ၏လက္ခဏာများ၊မူးယစ်ဆေးသုံးစွဲရောင်းဝယ်ပါကကျခံရမည့်ပြစ်မှု ပြစ်ဒဏ်များ၊မူးယစ်ဆေးဝါးအမျိုးအစားများ၊မူးယစ်ဆေးဝါးများသည်လက်လှမ်းမီသောနေရာတွင်ရောက် ရှိနေသဖြင့်မိမိတို့အပါအဝင်ပြည်သူ များမူးယစ်သံသရာထဲမကျရောက်ရန်အရေးကြီးကြောင်း၊အနာဂတ် မျိုးဆက်သစ်များကိုကောင်းမွန်
သည့်လက်ဆင့်ကမ်းအမွေပေးနိုင် ရန်မိမိတို့အနေဖြင့်တာဝန်ဝတ္တရားများကိုအကောင်းဆုံးလုပ်ဆောင်ရန်လိုအပ်ကြောင်း စသည့်အကြောင်းအရာများကိုရှင်းလင်းပြောကြားခဲ့သည်။အဆိုပါအသိပညာပေးဟောပြောပွဲသို့မြို့နယ်အမျိုးသမီးရေးရာ
အဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာဝန်ထမ်းများ၊ရပ်ကွက်ရှိပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

oplus_1026
oplus_1026
oplus_1026