နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre)တွင်စာဖတ် ဝိုင်းပြုလုပ်

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre)တွင်စာဖတ် ဝိုင်းပြုလုပ်
နတ်မောက်  ဇန်နဝါရီ၁၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် စာအုပ်စာစောင် ချစ်
မြတ်နိုးသူအသင်း(Book Club)တို့ ပူးပေါင်း၍စာဖတ်ဝိုင်းကိုယနေ့နံ နက်၁၀နာရီအချိန်ကလူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်း မတွင်ကျင်းပခဲ့သည်။                                                                                                                                                              ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဥမ္မာခင်က လူငယ်များအနေဖြင့်အချိန်ကို အကျိုးရှိ
ရှိ အသုံးချတက်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။အဆိုပါစာဖတ်ဝိုင်းတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒုတိယဦးစီးမှူး ဒေါ်သင်းသင်းဝေက စာရေးဆရာဗန်းမော်သိန်းဖေရေးသားပြုစုသည့် ဆယ်ကျော်သက်လူချွန်လေးများစာ အုပ်ထဲမှ“မိဘမဲ့ကလေးတွေကိုစာ သင်ပေးရင်းသူတို့ကို စိတ်ဓာတ်တက်အောင်လုပ်ပေးခဲ့တဲ့မိန်းကလေး”ခေါင်းစဥ်ပါ အကြောင်းအရာများကို ဖတ်ပြရှင်းလင်းရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများကလည်း မိမိတို့၏အတွေးအမြင်အသိများကို ပြန်လည် ဆွေးနွေးခဲ့ကြသည်။နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေဝါသနာရှင်များနှင့်ပူးပေါင်း၍လူထုအခြေပြုဗဟိုဌာန(Community Centre)၌
လစဥ်စာဖတ်ဝိုင်းဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။

Oplus_131072