နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
နတ်မောက် ဇန်နဝါရီ၂၀
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ပညာရေးဌာနတို့ပူး
ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းကလူထုအခြေပြုဗဟိုဌာန (Community Centre)ဘက်စုံသုံး ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်က ကျောင်းသား/သူ များစာပေလေ့
လာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရေး၊ကျောင်း သင်ခန်းစာအပြင်စာပေဗဟုသုတပြည့်စုံနိုင်စေရန်နှင့်နှုတ်မှုစွမ်းရည်တိုးတက်စေရေးတို့အတွက်ပြိုင်ပွဲများပြုလုပ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပြီးအခြေခံပညာမူလတန်းအဆင့်ကျောင်းသား/သူလေးများကမိမိတို့နှစ်သက်သည့်ကဗျာများဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာဆုရရှိသည့်ကျောင်းသား/သူလေးများကိုမြို့နယ်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိကဆုများချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။



