နတ်မောက်မြို့၌(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ကဗျာ ရွတ်ဆိုပြိုင်ပွဲကျင်းပ

နတ်မောက်မြို့၌(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ကဗျာ ရွတ်ဆိုပြိုင်ပွဲကျင်းပ
နတ်မောက် ဇန်နဝါရီ၂၁
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ကဗျာရွတ်ဆိုပြိုင်ပွဲကိုယနေ့နံနက်၁၀
နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံခန်းမတွင်ကျင်း ပခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်က(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် မူထက်ဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးဒုတိယမြို့နယ်ပညာရေးမှူးဒေါ်သဥ္ဇာခိုင်ကပြိုင်ပွဲ၏အမှတ်ပေးစည်းကမ်းချက်များကိုရှင်း လင်းပြောကြားခဲ့သည်။ဆက်လက်၍ပြိုင်ပွဲများကိုကျင်းပခဲ့ရာအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)၊အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)၊အခြေခံပညာမူလတန်းကျောင်း(စျေးရပ်)တို့မှ(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ကဗျာများဖြင့်ရွတ်ဆိုယှဉ်ပြိုင်ခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ ကျောင်းသား/သူစုစုပေါင်း(၁၂)ဦးဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲတွင်ဆုရရှိသည့်ကျောင်းသား/သူများအား၂၀၂၆ခု နှစ်ဖေဖော်ဝါရီ၁၂ရက်ပြည်ထောင်စုနေ့အခမ်းအနားတွင်ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။