နတ်မောက်မြို့၌(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကျင်းပ
နတ်မောက် ဖေဖော်ဝါရီ ၁
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင် ပွဲကိုယနေ့နံနက်၉နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမတွင်ကျင်း ပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်က ကျောင်းသား/သူ များပြည်ထောင်စုစိတ်ဓာတ်ပိုမိုခိုင်မာလာစေရန်၊မြန်မာနိုင်ငံ၏သမိုင်းဝင်နေ့ထူးနေ့မြတ်များ အကြောင်းသိရှိလာစေရန်ပြိုင် ပွဲများကျင်းပပေးရခြင်းဖြစ်ကြောင်းနှင့်ပြိုင်ပွဲ၏အမှတ်ပေး
စည်းကမ်းချက်များကိုရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍ပြိုင်ပွဲကိုကျင်းပခဲ့ရာအမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း၊အခြေခံပညာအထက်တန်း
ကျောင်း(အောင်ဆန်း)၊အခြေခံပ ညာအလယ်တန်းကျောင်း(တမာပင်)တို့မှ(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကိုကျောင်းသား/သူစုစုပေါင်း (၂၀)ဦးဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား/သူ များကိုဖေဖော်ဝါရီ၁၂ရက်ပြည်ထောင်စုနေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။




