နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)တွင်ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
နတ်မောက် ဖေဖော်ဝါရီ ၆
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း ၍ ကဗျာရွတ်ဆိုပြိုင်ပွဲကိုယနေ့ နံနက်၁၀ နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်ဆုံသုံးခန်းမတွင်ကျင်းပခဲ့ သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကစာပေလေ့လာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ကလေးငယ်များဘဝစွမ်းဆောင်ရည်မြင့်မာစေရန်၊စိတ် လက်ပျော်ရွှင်စေရန်၊ဥာဏ်ရည်
ဥာဏ်သွေးထက်မြက်စေရန်ရည် ရွယ်၍ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍အလယ်တန်းအဆင့် ကျောင်းသား/သူများဖြင့်ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရာကျောင်းသား/သူလေးများမှမိမိတို့ကြိုက်နှစ်သက်ရာကဗျာများဖြင့်ဝင်
ရောက်ယှဥ်ပြိုင် ကြပြီးအဆိုပါကဗျာရွတ်ဆိုပြိုင်ပွဲသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှဆရာမများ၊ကျောင်း သား/သူ များစုစုပေါင်း(၅၀)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။




