နတ်မောက်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် နွေရာသီကျောင်းပိတ်ရက်ကာလ အခမဲ့သင်တန်းများဖွင့်လှစ်သွားမည်

နတ်မောက်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင်

နွေရာသီကျောင်းပိတ်ရက်ကာလ အခမဲ့သင်တန်းများဖွင့်လှစ်သွားမည်

နတ်မောက် ဖေဖော်ဝါရီ ၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ဘက်စုံသုံးခန်းမတွင် မြို့နယ်ဦးစီးအရာရှိ၏ ကြီးကြပ်မှုဖြင့် ကျောင်းသား ၊ကျောင်းသူ လူငယ်များ စွမ်းဆောင်ရည်ပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ကာ ဗလငါးတန်နှင့်ပြည့်စုံစေရန်  ရည်ရွယ်၍ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အခမဲ့ ပညာဒါန သင်တန်းများဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းများကို ဖေဖော်ဝါရီ၁၈ရက်မှစတင်၍ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းသားကျောင်းသူများအတွက် အထောက်အကူဖြစ်စေမည့် ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်းနှင့် ပန်းချီသင်တန်းများကို အခမဲ့သင်ကြားပို့ချသွားဖြစ်ရာ မြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများ လာရောက်စာရင်းပေးသွင်း တက်ရောက်နိုင်ကြောင်း  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိဒေါ်ဥမ္မာခင်ထံမှ သိရသည်။