နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးသတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲကျင်းပ

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးသတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲကျင်းပ

နတ်မောက် ဖေဖော်ဝါရီ ၉
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးသတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲကို ယနေ့နံနက်၉နာရီခွဲအချိန်ကလူထုအခြေပြုဗဟိုဌာန(CommunityCentre)ဘက်စုံသုံး ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကပြိုင်ပွဲကျင်းပရာတွင်ကျောင်းသား/သူ
များဥာဏ် ရည်ဥာဏ်သွေးထက်မြက်စေရန်၊ယှဥ်ပြိုင်ကြိုးစားတတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ထူးချွန်ထက်မြက်သည့်လူရည်ချွန် ကောင်းများဖြစ်စေရန်ရည်ရွယ်ချက်နှင့်ပြိုင်ပွဲစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ဆက်
လက်၍အခြေခံပညာမူလတန်းကျောင်း(စျေး)ရှိကျောင်းသား/သူ(၃၀)ဦးတို့ကသတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာဆုရရှိသည့်ကျောင်းသား/သူများအားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိမှဆုများချီးမြှင့်ပေးခဲ့သည်။

oplus_1026