နတ်မောက်မြို့၌(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပုံပြင်ပြောပြိုင်ပွဲကျင်းပ

နတ်မောက်မြို့၌(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပုံပြင်ပြောပြိုင်ပွဲကျင်းပ
နတ်မောက် ဖေဖော်ဝါရီ ၁၀
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပုံပြင်ပြောပြိုင်ပွဲကိုယနေ့နံနက်ပိုင်းကလူထုအခြေပြုဗဟိုဌာန (Community Centre)
ဘက်စုံသုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပုံပြင်ပြောပြိုင်ပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်းသား/သူ
များအသိပညာဗ ဟုသုတတိုးပွားရရှိစေရန်၊စာဖတ် သည့်အလေ့အထဖြစ်ပေါ်စေရန်နှင့်အမှား၊အမှန်ကိုဝေဖန်ပိုင်းခြားတတ် စေရန်ရည်ရွယ်၍ပုံပြင်ပြောပြိုင်ပွဲကိုကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်ပြိုင်ပွဲအားကျင်းပပြုလုပ်
ခဲ့ရာအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ပဥ္စမတန်းကျောင်းသား/သူများကမိမိတို့နှစ်သက်ရာပုံ ပြင်များဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

oplus_1026
oplus_1026