နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(CommunityCentre)၌စာဖတ်ရှိန်မြှင့်တင်ရေးပုံပြင် ပြောပြိုင်ပွဲကျင်းပ

နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(CommunityCentre)၌စာဖတ်ရှိန်မြှင့်တင်ရေးပုံပြင် ပြောပြိုင်ပွဲကျင်းပ
နတ်မောက် မတ် ၆
နွေရာသီကျောင်းပိတ်ရက်များတွင်ကျောင်းသား/သူများစာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊နှုတ်မှုစွမ်းရည်တိုးတက်လာစေရန်နှင့်စာဖတ်ခြင်း၌စိတ်ဝင်စားမှုပိုမိုမြင့်မားလာစေရန်ရည်ရွယ်၍မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြု ဗဟိုဌာန(CommunityCentre)ခန်းမ၌ယမန်နေ့နံနက်၉နာရီအချိန်ကစာဖတ်ရှိန်မြှင့်တင်ရေးပုံပြင်
ပြောပြိုင်ပွဲကျင်းပခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကပြိုင်ပွဲ
ကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့်စာဖတ်ခြင်းကြောင့်ရရှိနိုင်သည့်အကျိုးကျေးဇူးများကိုရှင်းလင်း
ပြောကြားခဲ့သည်။အဆိုပါပြိုင်ပွဲတွင်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိယဥ်ကျေးလိ
မ္မာသင် တန်းတက်ရောက်နေသည့်ကျောင်းသား/သူများကမိမိတို့ဖတ်ရှုလေ့လာထားသည့်ပုံပြင်တိုများကို
ကိုယ်ဟန်အမှုအရာ၊အသံနေအသံထားများဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီးကျောင်းသား/သူ
လေးများကဗဟုသုတတိုးပွားစေရန်အတွက်ပြသထားသည့်နံရံကပ်စာစောင်များကိုစိတ်ပါဝင်စားစွာဖတ်ရှု ခဲ့ကြကြောင်းသိရသည်။