နတ်မောက်မြို့၌ကျောင်းသား/သူများအားနွေရာသီကျောင်းပိတ်ရက်တွင်အခြေခံပန်းချီသင်တန်းဖွင့် လှစ်ပေး

နတ်မောက်မြို့၌ကျောင်းသား/သူများအားနွေရာသီကျောင်းပိတ်ရက်တွင်အခြေခံပန်းချီသင်တန်းဖွင့် လှစ်ပေး
နတ်မောက် မတ် ၇
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌ကျောင်းသား/သူများနွေရာသီအားလပ်ရက်များတွင်အချိန်ကို
အကျိုးရှိစွာအသုံးချနိုင်စေရန်နှင့်အနုပညာဗဟုသုတများတိုးပွားလာစေရန်ယမန်နေ့နံနက်(၁၀)နာရီအ ချိန်ကလူထုအခြေပြုဗဟိုဌာန (CommunityCentre)ဘက်စုံသုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးဆောင်မှုဖြင့်ကျောင်း သား/သူများ၏ဖန်တီးနိုင်စွမ်းနှင့်စိတ်ကူးစိတ်သန်းများကိုမြှင့်တင်ပေးရန်၊နွေရာသီကျောင်းပိတ်ရက်ရှည်အတွင်းအချိန်ကိုအကျိုးရှိစွာကုန်ဆုံးစေရန်နှင့်ပန်းချီပညာကိုဝါသနာပါသော်လည်းသင်ယူရန်အခွင့်အလမ်းနည်းပါးသူများအတွက်ရည်ရွယ်၍ဖွင့်လှစ်ပေးခဲ့ပြီးပန်းချီသင်တန်းနည်းပြဆရာ
ဦးသိန်းနိုင်စိုးကသင်တန်းတွင်အခြေခံအကျဆုံးအဆင့်များမှစတင်၍သင်ကြားပေးမည့်ခဲတံကိုင်နည်း၊မျဥ်းဆွဲနည်း၊အခြေခံပုံသဏ္ဍာန်များ၊အရောင်အသွေးသီအိုရီနှင့်ဆေးရောင်စပ်နည်းများ၊ကိုယ်ပိုင်စိတ်ကူးဖြင့်ပုံဖော်ဖန်တီးခြင်းစသည့်အကြောင်းအရာများကိုသင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre)တွင်ပန်းချီသင်တန်းကို(၁၅)ရက်ကြာသင်ကြားပေးသွားမည်ဖြစ်ပြီကျောင်း သား/သူ(၃၅)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။“ကျွန်တော်တို့နတ်မောက်မြို့ကကျောင်းသား/သူလေးတွေပန်းချီပညာကိုစနစ်တကျသင်ယူခွင့်
ရစေချင်လို့ဒီသင်တန်းကိုစီစဥ်ရတာပါ၊ပန်းချီဆွဲတာဟာစိတ်တည်ငြိမ်မှုနှင့်အာရုံစူးစိုက်မှုကိုလည်းအများ
ကြီးအထောက်အကူပြုပါတယ်ဟုပန်းချီသင်တန်းနည်းပြဆရာဦးသိန်းနိုင်စိုးကပြောပါသည်။

oplus_2