နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမ၌အင်္ဂလိပ်စာပညာ ဒါန သင်တန်း ဆက်လက်သင်ကြားပေးလျက်ရှိ

တ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမ၌အင်္ဂလိပ်စာပညာ ဒါန သင်တန်း ဆက်လက်သင်ကြားပေးလျက်ရှိ

နတ်မောက် မတ်လ ၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်း၍ အင်္ဂလိပ်စာပညာဒါနသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)  ဘက်စုံသုံး ခန်းမ တွင်ဆက်လက်သင်ကြားပေးလျက်ရှိသည်။

အဆိုပါသင်တန်းတွင် အင်္ဂလိပ်စာသင်တန်းနည်းပြ ဆရာမ ဒေါ်ဂျူးဂျူးမာ က English Grammar ,English Speaking တို့ကို အဆင့်ဆင့် သင်ကြား ပေးသွား မည်ဖြစ်ပြီး နတ်မောက်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ(၅၅) ဦး တို့က စိတ်ပါဝင်စားစွာတက်ရောက်လျက်ရှိသည်။ နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမတွင် အင်္ဂလိပ်စာပညာဒါနသင်တန်းကို မတ်လ ၃ရက်နေ့မှ ၃၁ရက်နေ့အထိ (၁)လကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။