နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre)တွင်ယဥ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်
နတ်မောက် မတ် ၇
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြု ဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမတွင်ကျောင်းသား/သူများနွေရာသီကျောင်းပိတ်ရက်အတွင်းအချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်နှင့်ဗုဒ္ဓဘာသာဆိုင်ရာယဥ်ကျေးမှုအလေ့အထကောင်းများတတ်သိနားလည်စေရန် အခြေခံယဥ်ကျေးလိမ္မာသင်တန်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံးတွင်ဖွင့်လှစ် ခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်းသား/သူကလေးငယ်များအခြေခံဘုရားရှိခိုးနှင့်ဝတ်ရွတ်စဥ်များကိုစနစ်တကျတတ်မြောက်စေရန်၊မိဘ၊ဆရာနှင့်လူကြီးသူမများအပေါ်ရိုသေကိုင်းရှိုင်းတတ်သည့်အလေ့အကျင့်ကောင်းများပျိုးထောင်ပေးရန်နှင့်ယဥ်ကျေးလိမ္မာသောလူငယ်လူရွယ်များအဖြစ်ပြုစုပျိုးထောင်ပေးခြင်းဖြင့်လူ
မှုပတ်ဝန်းကျင်ကိုအကျိုးပြုစေရန်စသည့်အကြောင်းအရာများကိုရှင်းလင်းပြောကြားခဲသည်။ အဆိုပါသင်တန်းတွင်နည်းပြဆရာမများကဘုရားရှိခိုးခြင်း၊ငါးပါးသီလခံယူခြင်း၊ယဥ်ကျေးမှုသင်ခန်းစာ
များ၊ကိုယ်ကျင့်တရားနှင့်စာရိတ္တမဏ္ဍိုင်ဆိုင်ရာများကိုစာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ် ပြီးနတ်မောက်မြို့ပေါ်ရှိအခြေခံပညာကျောင်းအသီးသီးမှကျောင်းသား/သူ(၃၉)ဦးတို့ကစိတ်ပါဝင် စားစွာတက်ရောက်ခဲ့ကြရာသင်တန်းကာလမှာ(၁၀)ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်၍အာဟာရမုန့်များကိုလည်းတာဝန်ရှိသူများကထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။





